back-button
스토리
로그인/회원가입 menu
[중앙대학교] ဘာလို့ ဒီ ကျောင်းတွေကို သွားသင့်တာလဲဆိုတော့
Htet Arkar (태아카) 멘토 2024-01-18
이 게시글 신고하기
ဘာလို့ ဒီ ကျောင်းတွေကို သွားသင့်တာလဲဆိုတော့ “공학인증” - ABEEK (Accreditation Board For Engineering Education of Korea) ရဲ့ အသိအမှတ်ပြု လက်မှတ်ကို ရယူထားလို့ပါ။
ABEEK က တက္ကသိုလ်ရဲ့ Undergraduate Course ကို အခြေပြုပြီး curriculum ကို အဓိကထား ပါတယ်။ ထို့အပြင် ပါမောက္ခ, ကျောင်းသား, လုပ်ငန်းရှင် သုံးဦးစလုံး ပူးပေါင်းပါဝင်ပြီး, အထူးပြု မေဂျာရဲ့ အသိပညာတင် မဟုတ်ဘဲ General Knowledge(rules and regulations, business, communication, etc.), Basic Science (Maths, Physics, Chemistry, etc.) မှ တစ်ဆင့် ဖန်တီးမှု စွမ်းရည်ကို မြှင့်တင်ပြီး စီးပွားရေးလုပ်ငန်း ပညာရှင်တွေနဲ့ ချိတ်ဆက်ကာ နည်းပညာကို ကောင်းစွာ အသုံးချနိုင်မှု၊ အထူးသဖြင့် design capability ကို အထူးအလေးပေးပါတယ်။ ဆိုတော့ကာ ဘွဲ့ရတစ်ယောက်ဟာ လုပ်ငန်းရှင်ဘက်က လိုအပ်တဲ့ Professional Technical Knowledge ပြည့်ဝနေအောင် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်…
အဲ့တာကြောင့် Engineering Major ကို တက်မယ်ဆို ဒီကျောင်းတွေထဲက ရွေးသင့်ပါတယ်…
=============================
?공학인증 (ABEEK) ရထားတဲ့ မေဂျာနဲ့ ဘွဲ့ရမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ
ကိုရီးယားနိုင််ငံဟာ အလုပ်အကိုင်အခွင့်အလမ်း ပြိုင်ဆိုင်မှု ပြင်းထန်တယ်ဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။
공학인증 (ABEEK) ရထားတဲ့ မေဂျာနဲ့ ဘွဲ့ရမယ်ဆိုရင်
(၁) Graduation requirement အတွက် ဖြည့်ဆည်းရင်း အမျိုးမျိုးသော test, certificate က တစ်ဆင့် resume/portfolio ကို ပြင်ဆင်ပြီးသား ဖြစ်ခြင်း
(၂) internship, research assistant လုပ်ခွင့်ရခြင်း
(၃) အလုပ် လျောက်တဲ့အခါ စာရွက်စာတမ်းအဆင့် ဦးစားပေး ထည့်သွင်းစဉ်းစားခြင်း, အင်တာဗျူး အမှတ်ပို ထည့်ပေါင်းပေးခြင်း စသဖြင့် beneficial points ရခြင်း
### နိုင်ငံတကာအနေနဲ့
Australia, Canada, Ireland, New Zealand, UK, US, Hong Kong, South Africa, Japan, Singapore, Taiwan, Turkey, Malaysia, Russia , India, Sri Lanka နိုင်ငံတွေရဲ့ အမျိုးမျိုးသော အကျိုးကျေးဇူးများ ရရှိနိုင်ခြင်း
e.g.
(1) Engineering Council UK : ECUK မှာ Charted Engineer- CEng အဖြစ် စာရင်းသွင်းနိုင်ပြီး UK Graduate Student နဲ့ အတူတူ အသိမှတ်ပြုခံရခြင်း
(2) Japan မှာ Master/PhD ဆက်တက်လိုတာဖြစ်ဖြစ် အလုပ် လုပ်ချင်တာဖြစ်ဖြစ် JABEE အမည်အောက်ကနေ Recommedation Letter ထုတ်ပေးခြင်း စသဖြင့်
အသေးစိတ် သိရှိလိုပါက - http://www.abeek.or.kr
=============================
ဒီ ကျောင်းတွေထဲကမှ နိုင််ငံခြားကျောင်းသားတွေ အလုပ်ဗီဇာ ပြောင်းတဲ့အခါ တစ်ထောင့်တစ်နေရာကနေ စကားပြောတဲ့ QS ranking - ဒါကလည်း ထည့်သွင်းစဉ်းစားစရာ အချက်တစ်ခု
ပြီးတော့ ကိုရီးယားမှာ ဘယ်ကျောင်းက ဘွဲ့ရတာလဲဆိုတဲ့ 학벌 (University Brand) က နေရာတစ်ခုအထိ အရေးပါ ပါတယ်… “서연고 서성한중경외시” ဆိုတဲ့ စကားတိုလည်း ရှိသလို၊ Seoul က ကျောင်းတွေက တခြားဒေသက ကျောင်းတွေထက် ပိုသာ ပိုကောင်းတယ်ဆိုတဲ့ စကားလည်းရှိပါတယ်
အခုဆို ကိုရီးယားမှာ Engineering major ကို လာတက်ကြတဲ့ သူတွေ များလာတယ်။ သတိထားသင့်တာလေးတွေ ပြောပြရမယ်ဆိုရင်
(၁) ကိုယ့် ကျောင်း၊ ကိုယ့် မေဂျာက ABEEK ရထားလား?
(၂) Graduation Requirements က ဘာတွေလဲ? credits ပြည့်တာနဲ့ ရပြီးလား? တခြား စာမေးပွဲတွေ ဖြေရဦးမှာလား? curriculumn ထဲ မပါ ပေမယ့် ထပ်ပြင်ရမှာတွေ ရှိသေးလား?
(၃) မေဂျာ အမည်က တူပေမယ့် ကျောင်းအလိုက် သွားတဲ့ လမ်းကြောင်းက ကွာသွားတာ ရှိတယ်ဆိုတာ သိထားပြီးပြီလား. ဥပမာ - Computer Science and Engineering major ဆိုပေမဲ့ Computer Science ဘက် အဓိက သွားတဲ့ ကျောင်းတွေရှိသလို Computer Engineering, Software Engineering စသဖြင့် လမ်းကြောင်းအလိုက် အားသာနေတဲ့ ကျောင်းတွေလည်း ရှိပါတယ်.
(၄) ဒီမေဂျာက ဘယ် Department/College အောက်မှာ ရှိနေတာလဲ? ဒီအချက်က (၃) နဲ့လည်း ဆက်နွယ်နေတယ်. မိခင် Department/College ကြောင့် လမ်းကြောင်း ပြောင်းသွားတာလေးတွေပေါ့. Computer Science and Engineering major ကို College of Engineering မှာလည်း ရှိတက်သလို Electrical and Electronics Engineering major နဲ့ ပေါင်းပြီး Department တစ်ခု အောက်မှာ ပေးတာလည်း ရှိတယ်။ သီးသန့် IT College or School of Software ဆိုပြီး သွားတာလည်း ရှိတယ်။ Department/College ကွာသွားတာနဲ့ curriculumn and route က ပြောင်းသွားတယ်
ဒီလောက်ဆို အကြမ်းဖျင်း သိသွားလောက်မယ် ထင်ပါတယ်။ နောက်မှ ABEEK ရထားတဲ့ မေဂျာတွေရဲ့ Education System အကြောင်းနဲ့ IT major အကြောင်းတွေကို ထပ်မံ ပြောပြသွားပါမယ်



Htet Arkar (태아카) 멘토
중앙대학교
멘티 0명 ∙ 답변 0개 ∙ 스토리 1
이 스토리가 마음에 드셨나요?
그러면 1:1 대화를 시작해보세요
댓글 0개