back-button
스토리
로그인/회원가입 menu
[서강대학교] Where do we stay? 001: Looking for a home
Eaindray Chan Myae (채리) 멘토
이 게시글 신고하기

အားလုံးပဲ မင်္ဂလာပါ။ Cherry ဖြစ်ပါတယ်ရှင်~

 

အခုတစ်ခါမှာတော့ စာရှည်ကြီးမရေးတော့ဘူး။ ကိုရီးယားမှာ ကျောင်းတက်/အလုပ်လုပ်ရင်း အိမ်ရှာ/အိမ်ပြောင်းတဲ့အခါ ဘယ်လိုရှာရမလဲ မသိဘူး၊ ဂျင်းမမိအောင် ဘယ်လိုလိုက်ရှာရမလဲမသိဘူး ဆိုတဲ့သူလေးတွေအတွက် ဒီစာလေးကို တင်ပေးလိုက်ပါတယ်ရှင်။

 

Cherry တုန်းကတော့ ရောက်ရောက်ချင်း uni dormitory မှာ ၃လနေခဲ့ပါတယ်။ ပြီးတော့မှ အိမ်ပြောင်းဖို့အတွက် အိမ်ရှာတဲ့ကိစ္စ စခဲ့တာပါ။ ကိုယ့်တုန်းကလည်း ဘာမှနားမလည်တော့ 부동산 (real estate) ကိုသွားခဲ့တာပါပဲ။ အခုတော့ တဖြည်းဖြည်း သိလာရတယ်ပေါ့နော်။ အဲ့အတွက် အခန်းလှလှ အခန်းကောင်းကောင်းလေးတွေကို ဘယ်လိုရှာရမလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။

 

ကိုရီးယားမှာ အခန်းငှါးရင် 월세 (လပေး)၊ 전세 နှစ်ချုပ် ဆိုပြီး ရှိပေမယ့် ကျောင်းသားတွေအနေနဲ့ကတော့ နှစ်ချုပ်အိမ်ဟာ ဝမ်သိန်းထောင်ဂဏန်း ပေးရတဲ့အတွက် 월세 (လပေး) ကိုပဲ 보증금 (deposit) ပေးပြီး ငှါးကြပါတယ်။

 

အိမ်ရှာတဲ့နေရာမှာ app တွေကနေ ရှာလို့လည်းရသလို၊ social media ကနေလည်း ရှာလို့ရတဲ့အပြင်၊ ခုနကပြောတဲ့ 부동산 နဲ့လည်း ရှာလို့ရပါတယ်ရှင်။

 

Convenient အဖြစ်ဆုံးကတော့ app တွေပါပဲ။ အားသာချက်ကတော့ အဝရှာလို့ရတယ်။ အိမ်ခြံမြေအကျိုးဆောင်နဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် လုပ်နေစရာမလိုဘူး ဖုန်းတစ်လုံးရှိရုံနဲ့ အကုန်ဖြစ်တယ်ပေါ့နော်။ ဈေးတန်တာပဲရှာမလား အခန်းပဲရွေးမလား စိတ်ကြိုက်ရွေးပေါ့နော်။ ဈေးသက်သာတဲ့အခန်းလေးတွေလည်း အများကြီးတွေ့နိုင်တဲ့အပြင် ကိုယ်မသိခဲ့တဲ့ residence type တွေလည်း အများကြီးရှိတာ တွေ့ရပါလိမ့်မယ်။ (ဥပမာ- shared house, co-living, premium residence,etc.) အားနည်းချက်ကတော့ app တွေထဲမှာရောင်းတဲ့အခန်းတွေ ရှားပါတယ်။

App ထံမှာဆိုရင်တော့ 고방, 피터팬, 다방, 직방, 삼삼엠투 (33m2) စတဲ့ app တွေထဲမှာ အဝရှာနိုင်ပါတယ်ရှင်။ 
 

 

နောက်တစ်မျိုးကတော့ SNS group တွေမှာ ရှာတာပါ။ Southeast Asia ဘက်ကတော့ Facebook ကိုပဲသုံးကြတာမို့ အဲ့ကနေ ရောင်းတာ။ ဒီ group ထဲကတော့ ရောင်းနေကျ အိမ်ပွဲစားတွေ (Korean/ foreigner) အကုန်ရှိပြီး ကိုယ့်လိုကျောင်းသားတွေလည်း အိမ်ပြောင်းတော့မယ် လူသစ်ရှာတယ်ဆိုရင် ဒီ group မှာတင်လေ့ရှိတာကြောင့် အလွယ်တကူရှာနိုင်ပါတယ်။ App နဲ့ group မှာရှာတဲ့ အားသာချက်ကတော့ အိမ်လခ/စပေါ်ငွေကို ကိုယ့်အကြိုက်တွေ့တဲ့ထိ အေးဆေးရှာလို့ရပါတယ်။ Facebook မှာ လူသုံးအများဆုံး group လေးတစ်ခုကို အောက်ပါ link ကနေ ဝင် join နိုင်ပါတယ်ရှင်။

https://www.facebook.com/share/g/1DtTA4kyWd/?mibextid=wwXIfr

 

နောက်တစ်မျိုးကတော့ အားလုံးသိတဲ့အတိုင်း 부동산 (real estate) ပါ။ ကိုယ်ပြောင်းချင်တဲ့ရပ်ကွက်တစ်ဝိုက်က real estate တွေကို အခန်းရှိလား၊ စပေါ်ငွေ ဘယ်လောက်သုံးနိုင်တယ်ဆိုတာပြောပြရင် သူတို့ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ပြပေးပါတယ်။ ကြိုက်ပြီဆိုရင်တော့ တစ်ခါတည်း စာချုပ်ချုပ်လို့ရပါတယ်။ ပွဲခကတော့ Cherry အရင်အိမ်ပြောင်းတုန်းက စပေါ်ငွေရဲ့ 10% ယူပါတယ်။ real estate တွေကတော့ အနည်းဆုံး စပေါ်ငွေ ဝမ်သိန်း၃၀လောက်မှ မကိုင်ထားရင် မရှိဘူးဆိုပြီး မပြပေးကြပါဘူး။ ဒါကတော့ အားနည်းချက်ပါ။

 

အိမ်စာချုပ်ချုပ်တဲ့အချိန်မှာ အရေးအကြီးဆုံး သတိထားရမယ့် အချက်တွေရှိပါတယ်။ စာချုပ်ထဲမှာ ကိုယ်ယူမယ့်အခန်းကို အရင်နေသွားတဲ့သူက စပေါ်မထုတ်ရသေးဘူးလို့ ရေးထားရင် မနေသင့်ပါဘူး။ သဘောက အိမ်ရှင်က အရင်လူကို စပေါ်ပြန်မပေးတဲ့အတွက် ကိုယ့်အလှည့်ကျရင်လည်း ယုတ်တတ်လို့ပါ။ အဲ့ဒါလေးနဲ့ပတ်သက်ပြီး ပြောထားတဲ့ video တစ်ခုရှိပါတယ်။ အောက်က link လေးထဲဝင်ပြီး ကြည့်နိုင်ပါတယ်။ 

https://www.facebook.com/share/r/19gWVaL1qd/?mibextid=wwXIfr

နောက်တစ်ခုကတော့ အိမ်စာချုပ်မှာ 집정리 အိမ်သန့်ရှင်းရေး လုပ်ပြီးထွက်ရ/ မထွက်ရဆိုတာ ရေးထားတတ်ပါတယ်။ သေချာစစ်ပြီးမှ အိမ်ကထွက်ဖို့လိုပါတယ်ရှင်။ သန့်ရှင်းရေး လုပ်ခဲ့ရမယ်ဆိုရင်တော့ အစအဆုံး အခန်းရှင်းခဲ့ပြီးမှ ထွက်သင့်သလို၊ မရှင်းခဲ့ရင်တော့ သန့်ရှင်းရေးခ 청소비 သက်သက်ပေးရတတ်ပါတယ်။ ရှင်းစရာမလိုဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး။

အိမ်ပြောင်းပြီးရင် ၁၄ရက်အတွင်း ရပ်ကွက်ရုံး 주민센터 မှာ အိမ်လိပ်စာပြောင်းဖို့ မမေ့ပါနဲ့နော်။ နောက်ကျရင် ဒဏ်ငွေဆောင်ရတတ်ပါတယ်ရှင်။

 

ကိုယ်နေချင်တဲ့ အခန်း style နဲ့ အခန်းဘယ်လိုရွေးရမလဲ၊ နေရာဘယ်လိုရွေးရမလဲဆိုတာ နောက် post လေးမှာ ပြောပြပေးသွားပါမယ်။ Korea lifestyle အကြောင်း သိချင်ရင်တော့ အောက်ကအကောင့်လေးကို လာ follow ပေးထားလို့ ရပါတယ်ရှင်။

 

Instagram: @ckwassup_ 

Facebook: Cherry Kyaw

 

ကျောင်းလျှောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီ app ကနေပဲ Cherry ဆီ တိုက်ရိုက်လာမေးလို့ရပါတယ်ရှင်။

 

Bye!

Eaindray Chan Myae (채리) 멘토
서강대학교
멘티 38명 ∙ 스토리 6
이 스토리가 마음에 드셨나요?
그러면 1:1 대화를 시작해보세요