[ Konkuk University ] Introduction 멘토 소개
작성일 : 2023-05-15
မင်္ဂလာပါရှင်
အမ နာမည်ကတော့ ကေဇင်သော်ပါ။ Apply Korea ကို ဝင်ရောက်လေ့လာနေကြသော မောင်လေး ညီမလေးများကို အမအကြောင်းလေး မိတ်ဆက်ပေးချင်လို့ပါ။
အမက ခုလက်ရှိ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ Konkuk University မှာ Culture Contents မေဂျာနဲ့ မဟာတန်းတက်ရောက်နေပါတယ်။ အမက မြန်မာမှာတုန်းက
YUFL ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကနေ ကိုရီးယားမေဂျာနဲ့ ကျောင်းပြီးခဲ့တာပါ။ မဟာတန်း တက်ရောက်ဖို့ အဆင့်မှီတဲ့ Qualified အနေနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။
ကိုရီးယား ဘာသာစကားနဲ့ ပတ်သက်ပြီး စာသင်ကြားပေးခြင်း၊ ကိုရီးယား လူမျိုးများကို မြန်မာစာသင်ပေးတဲ့ အတွေ့အကြုံလည်း ရှိပြီး ဘာသာပြန် စကားပြန် အလုပ်များကိုလည်း
Freelance အနေနဲ့ လုပ်ခဲ့ဖူးပါတယ်။ ကျိုက်ထီးရိုးမှာရှိတဲ့ ကေဘယ်လ်ကား ကုမ္ပဏီ ( ကိုရီးယားကုမ္ပဏီ ) မှာလည်း Marketing Department မှာ မန်နေဂျာအနေနဲ့ စကားပြန် ဘာသာပြန်
အလုပ်များကိုလည်း လုပ်ခဲ့ဖူးပါတယ်။ အမ ခုလက်ရှိ ကိုရီးယား ပညာရေးဝန်ကြီးဌာနက ပေးအပ်တဲ့ Global Korea Scholarship အစီအစဉ်နဲ့ 2021 မှာ အောင်မြင်ပြီး ကိုရီးယားကို ပညာတော်သင်
လာရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပြီး ပညာတော်သင်ဆု ရရှိပြီး နောက်ပိုင်းမှာလည်း GKS နဲ့ ပတ်သက်ပြီး Webinar တွေ အများကြီးကနေ sharing လုပ်ပေးဖူးပါတယ်။
ပညာတော်သင်ဆု ပြင်ဆင်ခြင်းနဲ့ ပတ်သက်တဲ့ အတန်းတွေကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။
ပညာရေးဆိုင်ရာ အတွေ့အကြုံ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု၊ ကိုရီးယား လူမျိုးများနဲ့ အလုပ်တွဲလုပ်ဖူးခြင်း စသဖြင့် အတွေ့အကြုံတွေ များစွာရှိပါတယ်။
အမကိုယ်တိုင်လည်း ဖေ့ဘွတ်ပေ့ချ်၊ ယူကျူ့ ချန်နယ်တွေကနေတဆင့်
ကိုရီးယားဘာသာစကားနဲ့ ပတ်သက်တာတွေ ဝေမျှပေးလျက်ရှိပြီး ကိုရီးယားကို ပညာတော်သင်လာဖို့အတွက် ပြင်ဆင်ရမှာတွေကို ပြောပြပေးနေကျဖြစ်တာမလို့
Apply Korea ကတဆင့် ကျောင်းအကြောင်း လေ့လာ စုံစမ်း တိုင်ပင်ချင်တဲ့ မောင်လေး ညီမလေးများအတွက်လည်း အကောင်းဆုံး အသင့်တော်ဆုံးဖြစ်မယ့်
ရွေးချယ်မှုမျိုးတွေကို အမအနေနဲ့ အကြံပေးနိုင်တယ်ဆိုတာ အာမခံပါတယ်။
ကျောင်းရွေးချယ်တဲ့ အဆင့်
မေဂျာရွေးချယ်တဲ့ အဆင့်
စာရွက်စာတမ်း ပြင်ဆင်တဲ့ အဆင့်
ကိုရီးယား တက္ကသိုလ်ဘဝမှာ တွေ့ကြုံရမယ့် အခက်အခဲများ
ဘာသာစကား အခက်အခဲများ
စသဖြင့် အမ အတွေ့အကြုံပေါ် အခြေခံပြီးတော့ အကြံဉာဏ်တွေ ပေးသွားမှာမလို့
မကြာသော အချိန်တွေမှာ အမတို့ ဆုံတွေ့ကြမယ်နော်

케이 진 떠 멘토
멘티수 1명 · 답변수 0개
Copyrights ⓒ 하이틴TV
www.highteentv.com 무단 전재 및 재배포 금지