back-button
스토리
로그인/회원가입 menu
[건국대학교] Introduction 멘토 소개
Kay Zin Thaw ( ကေဇင်သော် ) 멘토 2023-12-08
이 게시글 신고하기

မင်္ဂလာပါ

 

အမ နာမည်ကတော့ ကေဇင်သော်ပါ။ ခုလက်ရှိ Konkuk University မှာ Culture Contents မေဂျာနှင့် မဟာတန်း တက်ရောက်နေပါတယ်။ 

၂၀၂၁ခုနှစ် ၈လပိုင်း ကုန်လောက်က ကိုရီးယားကို ရောက်တာဆိုတော့ ခုဆိုရင် ၂နှစ်ကျော်လောက် ရှိပါပြီ။ ဘွဲ့စာတမ်းအတွက် ပြင်ဆင်နေတဲ့ ကာလပေါ့နော်။

 

 

ကိုရီးယားနှင့်ပတ်သက်ပြီး အမရဲ့ ဖေ့ဘွတ်ပေ့ချ်ကနေတဆင့်

ဘာသာစကား နှင့်သက်ဆိုင်ရာတွေ၊ ကျောင်းလာတက်ဖို့ အတွက်သိထားသင့်တာတွေ အဓိကအားဖြင့်တော့ ကိုရီးယား အစိုးရ ပညာသင်ဆု ဖြစ်တဲ့ GKS နဲ့ ပတ်သက်ပြီး

Webinar တွေ အတော်များများမှာ Guest Speaker အနေနဲ့ knowledge sharing တွေ လုပ်ခဲ့ဖူးပါတယ်။ ခုလည်း အခါအခွင့်သင့်သလို GKS ကို လျှောက်ချင်တဲ့သူတွေ

အတွက် ကျောင်းရွေးချယ်ခြင်း၊ မေဂျာရွေးချယ်ခြင်း နှင့်သက်ဆိုင်သော contents တွေ တင်ပေးပြီး Major ရွေးချယ်တဲ့အခါ ကိုးကားနိုင်ရန် Talk Show အစီအစဉ်ပြုလုပ်

ပေးထားပါတယ်။ အပတ်စဉ် သက်ဆိုင်ရာ မေဂျာတက်နေတဲ့ ကျောင်းသား ကျောင်းသူကို အမကိုယ်တိုင် ကျောင်းသို့ သွားရောက်ပြီး မေဂျာနဲ့ ပတ်သက်ပြီး မေးမြန်းတင်ဆက်

ပေးတာမျိုးပါ။ 

 

အမ အနေနဲ့ မြန်မာမှာတုန်းက ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ ကိုရီးယားမေဂျာနဲ့  Bachelor ဘွဲ့ကို Qualifed အနေနဲ့ ပြီးမြောက်ခဲ့ပါတယ်။ ပြီးတော့ မဟာတန်း ဆက်တက်နေရင်း

ကိုရီးယား ဘာသာစကားကို အွန်လိုင်းကနေ တဆင့် သင်ကြားပေးခြင်း၊ တဉီးချင်း အနီးကပ်သင်ပေးခြင်း၊ ကိုရီးယား လူမျိုးကို မြန်မာဘာသာစကား သင်ကြားပေးခဲ့ဖူးပါတယ်။

ဘာသာပြန် စကားပြန် အလုပ်တွေလည်း Freelancer အနေနဲ့ ၂၀၁၈ခုနှစ်က စပြီး ခုချိန်ထိ လုပ်ဆောင်လျက်ရှိပါတယ်။ 

 

ကိုရီးယားနဲ့ ပတ်သက်ပြီး ၂၀၁၃ခုနှစ် YUFL ကျောင်းစဝင်ချိန်ကစပြီး ခုထိဆို၁၀နှစ် နီးပါးလောက် ရှိပြီမလို့ 

သိချင်တဲ့ အရာကို ပွင့်ပွင့်လင်းလင်း အမကို လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ပါတယ်။ 

 


 


 

ဒုတိယပုံကတော့ ကျောင်း ပွဲတော်မှာ ပျော်မြူးနေသော ပုံပဲဖြစ်ပါတယ်။ ဟိဟိ 

Kay Zin Thaw ( ကေဇင်သော် ) 멘토
건국대학교
멘티 3명 ∙ 답변 0개 ∙ 스토리 5
이 스토리가 마음에 드셨나요?
그러면 1:1 대화를 시작해보세요
댓글 0개