ကောကောက ဒီနေ့မှာတော့ ကောကောနေတဲ့ ကျောင်းဆိုင်နဲ့ပတ်သက်ပီး sharing လုပ်ပေးချင်ပါတယ်
http://dorm.sookmyung.ac.kr/international/facilities.php#t3 ဒါကတော့ ကျောင်း dorm website ပါ အခန်းပုံစံ အသေးစိတ် မရှိတာကြောင့် ကောကောက ကိုယ်တိုင် ဓာတ်ပုံရိုက်ပီး အားသာချက်ကို ပြောပြပါမယ်နော်
ပုံမှန် ကိုးရီးယား တက္ကသိုလ် အဆောင်တွေက ၁ယောက်ခန်း၂ယောက်ခန်း ၃ယောက်ခန်း ၄ယောက်ခန်းကို common kitchen နဲ့ သုံးကြတာ များပါတယ်
အဲ့လိုသဘောပေမဲ့ ကောကောကျောင်းမှာလည်း ထိုနည်းတူပါပဲ အဲ့ထဲကမှ one room လိုပုံစံ ရေချိုးအိမ်သာ kitchen အားလုံး အခန်းထဲမှာ ရှိပီး professional အဆောင်သတ်သတ်ရှိပါတယ် ညီမက ခုအဲ့ဒီအေောင်မှာ နေတာပါရှင် international dorm သတ်သတ်ဖြစ်လို့ နိုင်ငံတကာ ကျောင်းသူတွေနဲ့ တွေ့ဆုံနိုင်ပါတယ်
တစ်ခုက ကျောင်းအဆောင်လျှောက်ရင် အဆောင်ရွေးခွင့် မရှိပါဘူး ? သူတို့ချပေးတဲ့ အဆောင်ကို ရတာပါ ကံပေါ်မူတည်တာပေါ့နော်
ရေပူရေနွေး ၁၂ ရာသီ ရပီး မီးပူ အဝတ်လျှော်စက် မီးဖို microwave water cooler wifiအစရှိတဲ့ facilities ထားပေးထားပါတယ် ကျောင်းအပြင်မှာရှိတာမို့ အနီးအနားမှာ စားသောက်ဆိုင်တွေနဲ့လည်း နီးပါတယ်
ကျောင်းဆောင်နေတဲ့သူတွေဆိုရင် စားမေးပွဲနီးရင် အစားအသောက် support ပေးတာတွေ ရှိပါတယ် အခု ပီးသွားတဲ့ semester final term မှာဆိုရင် စာမေးပွဲ ကံကောင်းအောင်လို့ 떡 ကျွေးပါတယ်
ကဲဒါဆိုရင် ပုံလေးတွေကြည့်ပီး ကျောင်းတတ်ဖို့ စီစဉ်လိုက်တော့နော် ?
မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်မှု ရရှိပါစေ ??